tirsdag den 17. april 2012

၁၂ လရာသီပွဲတော်ထဲက နှစ်သက်မိတဲ့ အပျော်ရွှင်ဆုံးရိုးရာ နှစ်သစ်အတာသင်္ကြန်ပွဲ

ပန်းပိတောက်တွေ လှိုင်လှိုင်ပွင့်တဲ့
နွေသင်္ကြန် ဒီအချိန်ခါကိုရောက်ရင်ဖြင့်
အဟောင်းတေးတွေထဲက မဟောင်းတေးသွားလေးတွေနဲ့
သင်္ကြန်ယိမ်းအကတွေကို တူညီဝတ်စုံဆင်မြန်းကာဖြင့်
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကခုန်ကြတဲ့
ထူးကဲတဲ့ တို့တတွေရဲ့ နှစ်ဦးသစ် အတာသင်္ကြန်ရိုးရာ။

အတာဆိုတာ ပြည်မြန်မာရဲ့ ချစ်စရာ့ရိုးရာ
သင်္ကြန်ဆိုတာ ၁၂ လရာသီပွဲတော်တွေထဲက အပျော်ဆုံးပွဲတော်နေ့ပါ။

အဲဒီ- သင်္ကြန်ရဲ့ အတာနေ့ရက်တွေမှာ
ရေသေနတ်မျိုးစုံနဲ့ အကြိုနေ့ကို ဆီးလို့ကြိုကာ
ကလေးငယ်များရဲ့ ပျော်ရွှင်မြူးတူး ရေကစားနေတဲ့
ချစ်စရာကောင်းတဲ့ တို့တတွေရဲ့ရိုးရာ။

အကြိုနေ့ပြီးတော့ အကျ အကြပ် အတက် နေ့ရက်တွေမှာ
ပျော်ပျော်ရွှင်ရွှင် ရေကစားကြကာ
အဆိုအကအတီး တေးသီချင်းတွေနဲ့
မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ကပြကြပြီး
မြင်ရသူရွှေဘဝင် အေးမြရသည်အမှန်ပင်။
ကခုန်ပျော်ရွှင် ရေးကစားကြတဲ့
ကြည်နှူးစရာမြင်ကွင်းတွေရဲ့ အတာရက်တွေမှာ
လူပျို အပျို အအို ချစ်ကြ ကြိုက်ကြ ညားကြတာလည်းရှိတယ်။
အချစ်စစ်ကိုတွေ့လေနိုးနဲ့ နှစ်အကူးမှာ
လူပျို အပျို ကြင်ဖော်ရည်းစား ချစ်သူရှာတဲ့
ပျော်ရွှင်ဖွယ်အတိနဲ့ နှစ်သစ်ကူးတဲ့ တို့တတွေရဲ့ရိုးရာ။

ပြီးတော့...ဓလေ့ရိုးရာတွေထဲက
ဟောင်းမနွမ်းသွားပဲ ဆန်သစ်ယှဉ်နေတဲ့
သက်ကြီးပူဇော်ကန်တော့ကြတဲ့
ယှဉ်ကျေးကောင်းမြတ်လှတဲ့ တို့တတွေရဲ့ရိုးရာ။
အဲဒီ- သင်္ကြန်ရိုးရာရဲ့အစဉ်အလာဟာ....လေ
တို့တိုင်း တို့ပြည်ထဲက ၁၂ လရာသီပွဲတော်မှာ
ထူးထူးကဲကဲ နှစ်သက်မိတဲ့ အပျော်ရွှင်ဆုံး
အဖိုးမဖြတ်နိုင်တဲ့ ကျနော်တို့ရဲ့
နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်နေ့ပါ။
( ကိုဗလိုင် )
နှစ်သစ်ကူးတဲ့ အတာသင်္ကြန်ပွဲတော်နေ့မှာ ပြည်တွင်း/ ပ နိုင်ငံသူ/ သားများအားလုံး
ဘဝသစ်နဲ့ နှစ်ဦးသစ်မှာ သာယာအေးချမ်းသောဘဝတွေကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

lørdag den 16. oktober 2010

.: အလကားလူ#links#links#links#links#links#links#links#links#links#links#links#links#links#links#links

.: အလကားလူ#links#links#links#links#links#links#links#links#links#links#links#links#links#links#links
ကဗျာရဲ့ ရှေ့စာလုံး အာနာရှုး ဗိုလ်ချုပ်မူးကြီး သန်းရွှေ နဲ့ ဂျိုကောင် သန်းရွှေ ပုံ လိုက်ဖက်ညီတယ်...ဇဝန။ ကိုဗလိုင်(ဒိန်းမတ်)